October 21, 2020
Burmese language
ဘားအံမြို့နယ်၊ မြိုင်ကလေးဒေသရှိ တန် (၄,၀၀၀) ဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေးလောင်စာ စတင်အသုံးပြုပြီးနောက်ပိုင်း ဒေသခံများနေ့စဥ်မှီခိုနေရသော ရေအရင်းအမြစ်များ အရည်အသွေးပြောင်းလဲခြင်းအပါအဝင် ဒေသခံများ၏ ကျန်းမာရေးနှင့် လူမှုစီးပွားအပေါ် ထိခိုက်မှုများကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၀ ခုနှစ်၊ သြဂုတ်လအထိ စစ်တမ်းကောက်ယူပြီးနောက် ယခုအစီရင်ခံစာကို အနှစ်ချုပ်ရေးသားထားခြင်းဖြစ်ပါသည်။ ထို့အပြင် ပြဿနာများကို ဖြေရှင်းပေးရန်အတွက် လူထုလှုပ်ရှားမှုများပြုလုပ်ချိန်တွင် သက်ဆိုင်ရာက မည်သို့မည်ပုံကန့်ကွက်တားမြစ်သည်များကိုလည်း ဖေါ်ပြထားပါသည်။ အပြည့်အစုံကို အစီရင်ခံစာတွင် ဖတ်ရှုနိုင်ပါသည်။