၂၀၁၄ ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလအတောအတွင်း၌ ကရင်ပြည်နယ်အတွင်းတွင် တိုက်ပွဲပေါင်း (၁၀) ခုထက်မက ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲများထဲမှ တိုက်ပွဲ (၆) ခုသည် ကရင်ပြည်နယ်အတွင်း၊ ဟတ်ကြီး ရေကာတာစီမံကိန်းတည်ရှိရာ သံလွင်မြစ် အနီးအနားရှိဒေသတစ်ဝိုက်တွင် ဖြစ်ပွားခဲ့သည်။ တစ်ဖက်မှ အစိုးရပ်စစ်တပ်နှင့်နယ်ခြားစောင့်တပ်၊ အခြားတစ်ဖက်မှ ဒီကေဘီ အေ တို့အကြားဖြစ်ပွားခဲ့သော အဆိုပါတိုက်ပွဲများတွင် လက်နက်ကြီးပစ်ခတ် မှုများပါဝင်သည်။ ထိုတိုက်ပွဲများကြောင့် ဒေသခံပြည်သူပေါင်း ၂၀၀၀ ကျော် သည် ၎င်းတို့၏အိုးအိမ်ကိုစွန့်ခွာကာ ထွက်ပြေးပုန်းရှောင်ရပြီး အများစုမှာ ပုန်းအောင်းနေရ လျက်ရှိသည်။ ဤဖြစ်ပွားခဲ့သောတိုက်ပွဲများ၏ အသွားအလာ၊ ဒေသခံပြည်သူများ၏အမြင်နှင့် ဒီကေဘီအေစစ်သားများ၏ ပြောကြားချက်အရ ဤကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများသည် ယခုအချိန်အထိ အကောင်အထည်မဖေါ်နိုင် သေးသော ကရင်ပြည်နယ်တွင်တည်ဆောက်မည့် ဟတ်ကြီးရေကာတာစီမံ ကိန်းနှင့်ဆက်စပ်မှုရှိနိုင်သည်။ ကရင်ပြည်နယ်အတွင်းတွင် သမိုင်းကြောင်း တစ်လျှောက် အကြီးစားစီမံကိန်းများနှင့် စစ်ပွဲများသည် တစ်ခုနှင့်တစ်ခုအ မြဲတမ်းဒွန်တွဲလျက်ရှိသည်။ မြန်မာစစ်တပ်သည် ဒီကေဘီအေ အား တိုက်ခိုက်ခြင်းအားဖြင့် ၂၀၁၂ ခုနှစ် အပစ်ခတ်ရပ်စဲရေး သဘောတူ…
Recent conflict and human rights abuses near Salween River in Karen State (Burmes Version)
Video