လက်ရှိတွင် မြန်မာနိုင်ငံမှ စိုးနိုင်ဖြိုးကုမ္ပဏီလီမိတက်နှင့်တရုတ်နိုင်ငံမှ Jidong Development Group Co.,Ltd တို့က အကျိုးတူပူးပေါင်းကာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ပြင်ကျေးရွာအနီးတွင် ဘိလပ်မြေစက်ရုံတည်ဆောက်မည် ဖြစ်သည်။ တစ်ရက်အတွင်း ဘိလပ်မြေ တန် (၅၀၀၀) ထုတ်လုပ်မည်ဖြစ်ပြီး စီမံကိန်းအတွက် ကုမ္ပဏီကအမေရိကန်ဒေါ်လာ (၃၅၉) သန်းခန့် ရင်းနှီးမြုပ်နှံမည်ဖြစ်သည်။ စီမံကိန်းအတွက် ကုမ္ပဏီကလျှောက်ထားသော မြေဧရိယာမှာ စုစုပေါင်း(၉၇၀) ဧက ဝန်းကျင်ဖြစ်သည်။ ယခုဘိလပ်မြေစက်ရုံစီမံကိန်းအား ဒေသခံပြည်သူများက သဘောတူလက်ခံသည်ဟု ရင်းနှီးမြုပ်နှံသူကုမ္ပဏီများကဆိုပါသည်။ သို့သော် အမှန်စင်စစ်တွင် ဒေသခံများက ယခုဘိလပ်မြေစီမံကိန်းကို အလိုမရှိကြပေ။ For Karen Language (https://youtu.be/g4XKdx6v2hE) English subtitle (https://youtu.be/i2aGT4i8AtA)
(Burmese subtitle) Villagers say no to the cement project in Hpa an Township, Karen State
Video